0

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်းအကျဉ်း။ (အစ္စလမ်)

 
Unicode & Zawgyi

ကမ္ဘာ့ဘာသာရေးအဖွဲ့ကြီးများအကြောင်းအကျဉ်း။ (အစ္စလမ်)
“ခရစ်ယာန်ယုံကြည်သူတို့ကို အစ္စလမ်ဘာသာဝင် တစ်ယောက်အနေနှင့် နားမလည်နိုင်သည့်အချက်ကတော့ ခရစ်တော်ကို ယုံကြည်လက်ခံလိုက်ရုံနဲ့ အလိုအလျောက် နိဗ္ဗန်ရောက်တယ် ဆိုတဲ့တရားပါဘဲ… အစ္စလမ်ဘာသာကတော့ လူသားများဟာ မိမိတို့ အသီးသီးရဲ့ ယုံကြည်ခြင်းအားသန်မှု၊ အားနည်းမှု၊ ကောင်းသောပြုမူခြင်း၊ ဆိုးသောပြုမူခြင်း နဲ့အကျင့်စရိုက်အားလုံးကို ခြုံငုံထားတဲ့ ဘဝမှတ်တမ်း အပေါ်မှာ သင့်ရဲ့ကယ်တင်ခြင်းနှင့် ကျဆုံးခြင်းဟာ မူတည်တယ်။ ဘုရားသခင်ဟာ သနားခြင်းမေတ္တာဂရုဏာအားဖြင့် ခွင့်လွှတ်ခြင်းအားကြီး သူဖြစ်ပေမဲ့ ကျွန်ုပ်တို့ရဲ့ တာဝန်ဖြစ်တဲ့ ကောင်းမွန်စွာနေထိုင်ကျင့်ကြံခြင်း ဆိုတဲ့အကျင့်စရိုက်ကို ချိုးဖေါက်သူကိုခွင့်မလွှတ်နိုင်ပါ” - Yahiya Emerick, President of the Islamic Foundation of North America.

သည်တစ်ခေါက်တော့ ကမ္ဘာ့အကြီးဆုံးဘာသာရေး အဖွဲ့ကြီးတစ်ခုဖြစ်တဲ့ အစ္စလမ် ဘာသာရေးအကြောင်း အကျဉ်းလေ့လာဖို့ခေါ်ဖိတ်လိုပါတယ်။ သူတို့ရဲ့ နောက်ကြောင်းသမိုင်း၊ ယုံကြည်ခြင်း၊ ကျင့်စဉ်တွေကိုအကြမ်းဖျဉ်း သိရှိဖို့ပါ။ သူတို့ကိုလည်း ဘုရားရှင်က ဖန်ဆင်းထားတဲ့ လူသားတွေဘဲ မဟုတ်လား.......

အစ္စလမ်ဘာသာဝင်အရေအတွက်
အကြမ်းအားဖြင့် အစ္စလမ်ဘာသာကိုးကွယ်သူ ( 1.4 to 1.6 billion ) ခန့်ရှိမည်ဟု ခန့်မှန်းရပြီး တိုးတက်နှုန်းအမြန်ဆုံး ဘာသာရေးတစ်ခုလည်း ဖြစ်သည် ဟုဆိုသည်။ အမေရိကန်နိုင်ငံတွင် အစ္စလမ် ဘာသာဝင် (5 to 7 million) ခန့်ရှိမည်ဟုဆိုသည်။
သမိုင်းအကျဉ်း
မိုဟာမက် ( AD 570 – 632) သည် ဤဘာသာကို အဓိကဦးဆောင် တည်ထောင်ခဲ့သူ ဖြစ်သည်။ ယနေ့ ဆော်ဒီအာရေးဗီးယား နိုင်ငံရှိ မက္ကာမြို့ (Mecca) တွင်မွေးဖွါးပြီး ဗက်ဒိုဝင် (Bedouin tribe) အမျိုးအနွယ်မှဖြစ်သည်။ ဖခင်ဆုံးပါးပြီးနောက်ပိုင်း အဖိုးဖြစ်သူ၏ ကြည့်ရှု စောင့်ရှောက် လမ်းညွန်မှုဖြင့်ကြီးပြင်းလာခဲ့သည်။ သူသည် သိုးထိန်း တစ်ယောက်ဖြစ်ပြီး အောင်မြင်သောကုန်သည် တစ်ယောက်လည်းဖြစ်သည်။ မူဆလင်ဘာသာဝင်များက သူ့ကို သန့်ရှင်းသူ ကောင်းကင်ဘုံမှတိုက်ရိုက်ဆင်းလာသူ (သို့) ကောင်းကင်သား (သို့) ကယ်တင်ရှင်အဖြစ်မခံယူ၊ မယုံကြည်ပါ။ သူ့ကို ဘုရားသခင်ထံမှ နောက်ဆုံးအနေဖြင့်ရောက်လာသော တမန်တော်၊ ပရောဖက်အဖြစ်လက်ခံ ယုံကြည်သည်။
မက္ကာမြို့မှ ဗလီတစ်ခု

အစ္စလမ်(Islam) ဟူသော စကားလုံးသည် အရေဗစ် (Arabic) ဘာသာဖြစ်ပြီး “ဆက်ကပ်အပ်နှံခြင်း” သို့မဟုတ် “မိမိ၏အလိုဆန္ဒအလုံးစုံကိုစွန့်၍ ဘုရားရှင်အားအပ်နှံခြင်း” ဟူ၍ အဓိပ္ပါယ်ရသည်။ မူဆလင် (Muslim) သည် အစ္စလမ်ဘာသာကို ကိုင်းရှိုင်း လိုက်နာသူ ဟုအဓိပ္ပါယ်ရသည်။

အစ္စလမ်ဘာသာဝင်တို့၏ ယုံကြည်ချက်အရ မိုဟာမက်သည် သူ၏အသက် (၄၀) နှစ်ပါတ်ဝန်းကျင်ခန့်ရှိသောအခါ အလာရှင်မြတ် (ဘုရားသခင်) ထံမှ ဗျာဒိတ် မြင်သည်ဟုဆိုသည်။ ကောင်းကင်တမန် Gabriel ထံမှ ဗျာဒိတ် အတွဲများစွာကို မြင်မက် ခံယူရရှိပြီးနောက်ပိုင်း AD 622 တွင် အစ္စလမ်ဘာသာကိုတည်ထောင်သည်။ မူဆလင်ဘာသာဝင်များက သူသည် ဘာသာတရားသစ်ကို တည်ထောင်သည်ဟု မခံယူပါ၊ အာဗြဟံ၊ မောရှေ၊ ဒါဝိဒ် နှင့် သခင်ယေရှု တို့အားဖော်ပြခဲ့သော ဘုရားသခင်၏ နှုတ်ကပါတ်တော်အလုံးစုံတို့ကို ပြန်လည် မွမ်းမံသူ၊ သန့်စင်သူ ဖြစ်ပြီး၊ မက္ကာမြို့နှင့် အနီးအနားပါတ်ဝန်းကျင်ရှိ လူသားများကို စုစည်းဦးဆောင်သူ ဘာသာရေးခေါင်းဆောင်၊ တမန်တော်တစ်ပါးဖြစ်သည်ဟု ဆိုပါသည်။ သူ၏ ဘုရားတစ်ပါးသာရှိသည်ဟူသောယုံကြည်ခြင်း၊ စည်းကမ်းတင်းကြပ်လွန်းသော ဘာသာရေးလိုက်နာမှုများ၊ အခြားသူများအား အားမနာတမ်းဘာသာရေးဝေဖန်မှုများ နှင့် ငြင်းပန်းနှိပ်စက်အပြစ်ပေးတတ်သော ဘာသာရေးလိုက်နာမှုများ က အာရေဗြကျွန်းဆွယ်တွင်ထိုစဉ်အခါ၏ ကျင့်သုံးသော ဘုရားများစွာကိုကိုးကွယ်သည်ဘာသာရေးနှင့် လူမှုစနစ်တို့ကို ခြိမ်းခြောက်စပြုလာသည်။ နောက်ပိုင်းတွင် မိုဟာမက်၏ ဦးဆောင်မှုဖြင့် ထိုဘာသာရေးအဖွဲ့သည် မက္ကာမြို့၏မြောက်ဖက် မိုင် ၂၈၀ ကွာဝေးသော မဒီနာ (Medina) အရပ်သို့ ပြောင်းရွှေ့သွားကြသည်။ နောက် ရှစ်နှစ်ကြာသော အခါ မက္ကာမြို့သို့ ပြန်လည်ရောက်ရှိလာကြပြီး ထိုနောက်ပိုင်းတွင် အစ္စလမ်ဘာသာထဲသို့ လူအမြောက်အများဝင်ရောက် လက်ခံယုံကြည်လာကြသည်။

မိုဟာမက်ကွယ်လွန်သည့် AD 632 နောက်ပိုင်းတွင် အစ္စလမ်ဘာသာ သည် ဆွန်နီ (Sunnis) နှင့် ရှီးယား (Shi’as) ဟူ၍ နှစ်ခြမ်းကွဲသွားသည်။ ရှီးယား အဖွဲ့သည် ခွဲထွက်သည့် အဖွဲ့ဖြစ်ပြီး ပိုမိုတင်းကြပ်သည့် ဘာသာရေးယုံကြည် မှုကိုကျင့်သုံးရုံမက နိုင်ငံတော် အုပ်ချုပ်ရေးတွင်ဘာသာရေးအကြီးအကဲများမှ ချုပ်ကိုင်သည့် စနစ်ကို သွပ်သွင်းကျင့်သုံးသည့် အဖွဲ့ဖြစ်သည်။ ယခုခေတ်တွင် ၈၅% ခန့်သော အစ္စလမ်ဘာသာဝင်များသည်ဆွန်နီ အဖွဲ့မှဖြစ်ပြီး ဘာသာရေးနှင့် နိုင်ငံရေး ကိုခွဲခြားကျင့်သုံးသည့် စနစ်ကိုလက်ခံသည့်အဖွဲ့ဖြစ်သည်။ Sufiism ဟုခေါ်သော အလွန်သေးငယ်သည့် အခြားအဖွဲ့ငယ်တစ်ခုရှိသေးသည်။

အစ္စလမ်ဘာသာဝင်များက ဤဘာသာတရားသည် ဘုရားသခင်ထံမှ စစ်မှန်သော၊ နောက်ဆုံးသော တစ်ခုတည်းသောဘာသာတရားဖြစ်သည် ဟုယုံကြည်လက်ခံသည်။ အခြားသော ဘာသာတရားများအားလုံးသည် ဘုရားသခင်၏ သမ္မာတရားကို မမှန်မကန်လက်ခံသူများ အဖြစ်ခံယူသည်။ ဘုရားတစ်ပါးတည်းရှိခြင်း၊ ကောင်းကင်တမန်များရှိသည်ဟု ယုံကြည်ခြင်း၊ နိဗ္ဗန်နှင့် ငရဲ ရှိသည် ဟုယုံကြည်ခြင်း၊ ပရောဖက်များကို လေးစားလက်ခံခြင်း၊ အချို့သောရှေးကျမ်းစာများကို တန်ဖိုးထားလက်ခံခြင်း တို့တွင် ဂျူးဘာသာ (Judaism) တို့နှင့် တူညီပြီး၊ ခရစ်တော်သည် အပျိုကညာမှဖွါးမြင်ခြင်း၊ နောင်တွင်ရောက်လာမည့် ဘုရားသခင်၏တရား စီရင်ခြင်း၊ နိဗ္ဗန်နှင့် ငရဲ ရှိသည်ဟုယုံကြည်ခြင်းများတွင် ခရစ်ယာန်တို့နှင့် တူညီသော ယုံကြည်ချက်ရှိသည်။

အခြေခံယုံကြည်ချက်များ
1. အလာဟုခေါ်သော ဘုရားသခင်ကိုယုံကြည်သည်။
2. ကောင်းကင်တမန်များရှိသည်ဟုယုံကြည်သည်။
3. အလာရှင်၏နှုတ်ကပါတ်တော် ကိုရန်ကျမ်းစာအုပ်၊ ဆွန်န (Sunnah) ဟုခေါ်သော ‘ပရောဖက်တို့၏ကျင့်ထုံး’ ကျမ်းစာအုပ် နှင့် ဟာဒစ် (Hadith) ဟုခေါ်သော မိုဟာမက် က အလာရှင် ပေးသည့်အတိုင်းရေးသားသည့် ကျမ်းစာအုပ်တို့ကို လက်ခံယုံကြည်ကျင့်သုံးသည်။ ထို့အပြင် တိုးရ (Torah) ဟုခေါ်သော အာဗြဟံရေးသည့် ကျမ်းစာအုပ်၊ ဒါဝိဒ်ရေးသားသော ဆာလံကျမ်းများ နှင့် The Gospel of Jesus တို့ကိုလည်း ယုံကြည် လက်ခံကျင့်သုံးသည်။ သို့သော် ယခုခေတ်တွင် ခရစ်ယာန်တို့အသုံးပြုသော သမ္မာကျမ်းစာအုပ်သည် အမှားများစွာနှင့် ပြည့်နှက်သည်ဟု ယုံကြည်သည်။
4. ဂျူးနှင့် ခရစ်ယာန်ဘာသာဝင်တို့၏ အထင်ကရ ပရောဖက်ကြီးများဖြစ်သော အာဗြဟံ၊ မောရှေ၊ ဒါဝိဒ်၊ ဆောလမုန်၊ ယောဘ နှင့် သခင်ယေရှုတို့အားသူတော်စင် ပရောဖက် ကြီးများအဖြစ်လက်ခံယုံကြည်သည်။
5. နောက်ဆုံးသောနေ့ရက်တွင် အလာရှင်မြတ်၏ တရားစီရင်ခြင်းနေ့ရက်ရှိမည်ဟုယုံကြည်သည်။
6. Qadr ဟုခေါ်သောအလာရှင်မြတ်၏ အကြွင်းမဲ့ တန်ခိုးအာဏာရှိခြင်းကို ယုံကြည်သည်။
7. သေခြင်း၏ အခြားတစ်ဖက်တွင် နိဗ္ဗန် သို့မဟုတ် ငရဲ တွင် ပြန်ရှင်ခြင်းရှိသည် ဟုယုံကြည်သည်။

အခြေခံကျင့်စဉ် (၅) ခု
အစ္စလမ်ဘာသာဝင်တိုင်း၏ အခြေခံအကျဆုံးသောကျင့်စဉ် ၅ ခုရှိသည်။
1. ဘုရားသခင် နှင့် မိုဟာမက် ကိုပေါင်း၍ တစ်ပါးတည်းသော အလာရှင်မြတ်အရှင်အဖြစ်ယုံကြည်ကျင့်သုံးသည်။ ဤ ဖြစ်ခြင်း ကို Shahadah ဟုခေါ်သည်။
2. တစ်ရက် (နေထွက်ခါနီးအချိန်မှ မွန်းလွဲပိုင်းအထိ) အတွင်း (၅) ကြိမ် ဆုတောင်းခြင်း။
3. ဆင်းရဲသားများကို ပေးကမ်းခြင်း
4. ရာမာဒန် (Ramadan) ဟုခေါ်သော မူဆလင်ပြက္ခဒိန်၏ ၉ လမြောက်သော လတွင် (Sawm) ဟုခေါ်သော မနက်နေထွက်ချိန်မှ နေဝင်သည့်အချိန်အတွင်း အစာရှောင် ဆုတောင်းခြင်း။ ကလေးသူငယ်များ၊ မကျန်းမမာဖြစ်နေသူများ၊ သက်ကြီးရွယ်အိုများ နှင့် ဦးဏှောက်ပိုင်းဆိုင်ရာ ချို့တဲ့သူများခြွင်းချက်အဖြစ်ထားသည်။
5. မက္ကာမြို့သို့ဘုရားဖူးသွားခြင်း၊ ဟာဂျီ (Hajj) ဟုခေါ်သည်။ ကျန်းမာသန်စွမ်းပြီး ငွေရေးကြေးရေးအရတတ်နိုင်သူ အစ္စလမ်ဘာသာ ဝင်တိုင်း အနည်းဆုံးတစ်သက်တွင် တစ်ကြိမ် မက္ကာမြို့ သို့ မိုဟာမက်ကို အရိုအသေပေးရန်နှင့် မိမိကိုယ်ကို အလာရှင်မြတ်ထံ ပြန်လည်ဆက်ကပ်နှံသည့်အနေဖြင့် ဘုရားဖူးသွားခြင်း။

အစ္စလမ်ဘာသာနှင့် ပါတ်သက်သောသိသင့်သည့်အချက်အချို့
ယနေ့ အစ္စလမ်ဘာသာဝင်များကြားတွင် အကြီးအကျယ် အငြင်းပွားဖွယ်ရာ ဖြစ်နေသော အရာတစ်ခုမှာ ဂျီဟဒ် jihad (struggle)၏အဓိပ္ပါယ်ပြန်ဆိုပုံဖြစ်သည်။ ငြိမ်းချမ်းရေးဝါဒီအစ္စလမ်ဘာသာဝင်များက ဂျီဟဒ် ဆိုသည်မှာ အလာရှင်မြတ်၏ တရားတော်ကို လိုက်နာရန် အတားအဆီးများ ကိုစိတ်ဓါတ်ရေးရာအရ တိုက်ခိုက်ခြင်းဟုပြန်ဆိုသည်။ ထိုသူတို့သည် ကိုရန်ကျမ်း ၆ း ၁၅၁ တွင် “အလာရှင်မြတ် ဖန်ဆင်းထားသော လူသားတို့၏ အသက်ကို တရားဥပဒေနည်းလမ်း ဖြင့်လွဲ၍ နှုတ်ယူခြင်း (သတ်ခြင်း) မပြုရ” ဆိုသည့် ကျမ်းချက်ကို စွဲကိုင်ကြသည်။ သို့သော် အစွန်းရောက် အစ္စလမ်ဘာသာဝင်များက ဂျီဟဒ် ဆိုသည်မှာ အလာရှင်မြတ်ထံ မိမိကိုယ်ကို အပ်နှံခြင်းမပြုလုပ်သူတို့နှင့် ပဋိပက္ခဖြစ် ပွါးခြင်းဟု ပြန်ဆိုကြသည်။ ကိုရန် ကျမ်းစာတွင် “မယုံကြည်သူတို့ကို တွေ့ရာအရပ်တွင် တိုက်ခိုက်ကြလော့ Fight the unbelievers wherever you find them” ဟူသော ကျမ်းပိုဒ်ကို ကျင့်သုံးခြင်းဖြစ်သည်ဟုဆိုသည်။

အစ္စလမ်ဘာသာဝင်အဖြစ်ကူးပြောင်းရန်အတွက် Shaha dah ဟုခေါ်သော သက်သေခံခြင်းကလေး ပြုလုပ်ရုံဖြင့် ကူးပြောင်းနိုင်သည်။ ထိုသက်သေခံချက်မှာ “အလာရှင်မြတ်မှတစ်ပါး အခြားသောဘုရားမရှိပါ၊ မိုဟာမက်သည် အလာရှင် ၏ ပရောဖက်ဖြစ်သည်” ဟူ၍ဖြစ်သည်။ ဤသက်သေခံချက်ပြုလုပ်ခြင်းဖြင့် အတိတ်တွင် ကျူးလွန်ခဲ့သမျှသော အပြစ်များ ချေဖျက်သွားသည်ဟု ယုံကြည်သည်။ အစ္စလမ်ဘာသာဝင် တို့အတွက် “ပြန်လည်မွေးဖွါးခြင်း Born again” ဖြစ်သည်။ ကိုရမ်ကျမ်း ၂ း ၂၅၄ တွင် လူတစ်ယောက်အား အစ္စလမ် ဘာသာသို့ အတင်းအဓမ္မ ကူးပြောင်းစေခြင်းကို တားမြစ်ထားသည်။

ဝတ်ပြုကိုးကွယ်ခြင်း
နေ့စဉ် ဝတ်ပြုကိုးကွယ်ခြင်းအမှုပြုလုပ်သောအခါ ရှိသည့်အရပ်မှ မက္ကာမြို့ ရှိရာ အရပ်ဖက်သို့ ဦးညွတ်ပြပ်ဝပ်ကိုးကွယ်ကြသည်။ သောကြာ ညတိုင်းတွင် ဗလီ (Mosques) သို့ သွားရောက်ပြီး ကိုးကွယ်ခြင်းပြုသည်။ Mosques ၏အဓိပ္ပါယ်မှာ ပြပ်ဝပ်ကိုးကွယ်ရာ နေရာဟူ၍ဖြစ်သည်။ Mosques ဟူသောစကားလုံးသည် စပိန်ဘုရင် ဖာဒီနန် နှင့် မိဖုရား အစ္စဘဲလား တို့က အစ္စလမ် တို့၏ ဝပ်ပြုကိုးကွယ်တဲ့နေရာတွေကို ခြင်ကောင် (Mosquitoes) လေးတစ်ကောင်ကို ဖိသတ်သလို ညက်ညက်ကျေအောင် ဖျက်ဆီးပစ်မယ် ဟု ကြုံးဝါးခဲ့ ရာမှ ဖြစ်ပေါ်လာသည်ဟု ဆိုရိုးရှိခဲ့ဘူးသည်။

အရေးပါသောနေ့ရက်များ
အစ္စလမ်ဘာသာရေးတွင် အရေးပါသောအချိန် သုံးကြိမ်ရှိသည်။
1. Ramadan - အစာရှောင်ဆုတောင်းသည့်လ
2. Al-Hajj - ဘုရားဖူးသည့်လ။ အလာရှင်မြတ်က ဣဇာက် ၏ဝမ်းကွဲ အကို ဣရှမေလအားဘုရားသခင်က ကယ်တင်ခြင်းကို အစွဲပြု၍ ပြုလုပ်သည်။ ဤအချိန်တွင် မရှိဆင်းရဲသားများကို ကူညီပေးကမ်းကြသည်။
3. Mawlid an-Nabvi - ပရောဖက် မိုဟာမက်၏မွေးနေ့။

ခရစ်ယာန်ဘာသာနှင့် အဓိကကွာခြားချက်များ
1. သမ္မာကျမ်းစာအစား ကိုရန် ကျမ်းစာအုပ်ကို အသုံးပြုသည်။ လုံးဝဥဿုံအမှားမရှိသော အလာရှင်မြတ်ထံမှလာသည့် ကျမ်းစာအုပ် ဖြစ်သည်ဟုယုံကြည်သည်။ မိုဟာမက် ၏ကျင့်စဉ်များကိုရေးသားသော Hadith ကျမ်းကိုလည်း လက်ခံသည်
2. အလာရှင်မြတ်သည် တစ်ပါးတည်းသောဘုရားသခင် (သုံးပါးတစ်ဆူမဟုတ်) ဖြစ်ပြီး အရာအားလုံးကိုသိကျွမ်းပြီး၊ သနားခြင်း ဂရုဏာနှင့်ပြည့်ဝသည့် တန်ခိုးကြီးသောသူဖြစ်သည်။
3. သခင်ယေရှုသည် ထူးဆန်းသောနိမိတ်လက္ခဏာများကို ပြုလုပ်ခဲ့ပြီး အပျိုကညာ မာရိ မှမွေးဖွါးသည်။ ဘုရားသခင်ထံမှလာသော ဘုရားသားမဟုတ်၊ ကားတိုင်ပေါ်တွင် အမှန်တကယ်သတ်ဖြတ်ခြင်း မခံခဲ့ရပါ၊ အန္တိခရစ် (Anti Christ) ကိုအနိုင်ယူ တိုက်ခိုက်ရန် ပြန်လာမည် ဟုယုံကြည်သည်။
4. လူသားတိုင်းတွင် ဝိညာဉ်ရှိသည်။ မွေးရာပါအပြစ်ဟူ၍မရှိပါ။ လူသားတိုင်းအပြစ်မဲ့သူအဖြစ်မွေးဖွါးသော်လည်း ကျွန်ုပ်တို့၏ကိုယ်ခန္ဓာဖွဲ့စည်းမှုနှင့် တိရိစ္ဆာန်ကဲ့သို့သောစိတ်၏လိုအင်ဆန္ဒများကြောင့် အပြစ်ရှိသူများဖြစ် သွားကြသည်။
5. လူသားတိုင်း အလာရှင်မြတ်ထံ အကြွင်းမဲ့ဆက်ကပ်အပ်နှံပြီး ဘဝတစ်ခုလုံးတွင် သူ့အားအလုပ်အကြွေးပြုရမည်။
6. ကယ်တင်ခြင်းသည် အလာရှင်မြတ်ကိုယုံကြည်ခြင်းနှင့် အစ္စလမ်တရားတော်များကို လိုက်နာနိုင်မှုအပေါ်မူတည်သည်။ အပြစ်များကိုဆေးကြောရန် အဆင့်လေးဆင့်ပါသော “tawba” ကိုပြုလုပ်ရမည်။
7. နိဗ္ဗန်သို့မဟုတ်ကောင်းကင်ဘုံ သည်ထာဝရနေချင်စဖွယ် ကောင်းသောအရပ်ဖြစ်ပြီး အစ္စလမ်ဘာသာကိုင်းရှိုင်းသူတို့ အတွက်ဖြစ်ပြီး ငရဲဘုံ သည်စက်ဆုတ်ရွံရှာဖွယ်ကောင်းပြီး ကြောက်မက်ဖွယ်ရာကောင်းသောနေရာဖြစ်ပြီး အပြစ်သားများ သွားရမည့်နေရာဖြစ်သည်။

သောင်းနိုး

မှတ်ချက်။ ။ Len Woods ရေးသားသော Handbook of World Religions (A bible-based review of 50 World faiths) စာအုပ်မှ ကိုးကားတင်ပြထားပါသည်။

Calvary Burmese ဘလော့မှကူးယူဖေါ်ပြသည်။

ကမာၻ႕ဘာသာေရးအဖြဲ႕ႀကီးမ်ားအေၾကာင္းအက်ဥ္း။ (အစၥလမ္)
“ခရစ္ယာန္ယံုၾကည္သူတုိ႔ကို အစၥလမ္ဘာသာ၀င္ တစ္ေယာက္အေနႏွင့္ နားမလည္ႏိုင္သည့္အခ်က္ကေတာ့ ခရစ္ေတာ္ကို ယံုၾကည္လက္ခံလိုက္ရံုနဲ႕ အလိုအေလ်ာက္ နိဗၺန္ေရာက္တယ္ ဆိုတဲ့တရားပါဘဲ… အစၥလမ္ဘာသာကေတာ့ လူသားမ်ားဟာ မိမိတို႔ အသီးသီးရဲ႕ ယံုၾကည္ျခင္းအားသန္မႈ၊ အားနည္းမႈ၊ ေကာင္းေသာျပဳမူျခင္း၊ ဆိုးေသာျပဳမူျခင္း နဲ႕အက်င့္စရိုက္အားလံုးကို ၿခံဳငံုထားတဲ့ ဘ၀မွတ္တမ္း အေပၚမွာ သင့္ရဲ႕ကယ္တင္ျခင္းႏွင့္ က်ဆံုးျခင္းဟာ မူတည္တယ္။ ဘုရားသခင္ဟာ သနားျခင္းေမတၱာဂရုဏာအားျဖင့္ ခြင့္လႊတ္ျခင္းအားႀကီး သူျဖစ္ေပမဲ့ ကၽြႏ္ုပ္တို႔ရဲ႕ တာ၀န္ျဖစ္တဲ့ ေကာင္းမြန္စြာေနထိုင္က်င့္ႀကံျခင္း ဆိုတဲ့အက်င့္စရိုက္ကို ခ်ဳိးေဖါက္သူကိုခြင့္မလႊတ္ႏိုင္ပါ” - Yahiya Emerick, President of the Islamic Foundation of North America.

သည္တစ္ေခါက္ေတာ့ ကမာၻ႕အႀကီးဆံုးဘာသာေရး အဖြဲ႕ႀကီးတစ္ခုျဖစ္တဲ့ အစၥလမ္ ဘာသာေရးအေၾကာင္း အက်ဥ္းေလ့လာဖို႔ေခၚဖိတ္လိုပါတယ္။ သူတို႔ရဲ႕ ေနာက္ေၾကာင္းသမိုင္း၊ ယံုၾကည္ျခင္း၊ က်င့္စဥ္ေတြကိုအၾကမ္းဖ်ဥ္း သိရွိဖို႔ပါ။ သူတို႔ကိုလည္း ဘုရားရွင္က ဖန္ဆင္းထားတဲ့ လူသားေတြဘဲ မဟုတ္လား.......

အစၥလမ္ဘာသာ၀င္အေရအတြက္
အၾကမ္းအားျဖင့္ အစၥလမ္ဘာသာကိုးကြယ္သူ ( 1.4 to 1.6 billion ) ခန္႔ရွိမည္ဟု ခန္႔မွန္းရၿပီး တိုးတက္ႏႈန္းအျမန္ဆံုး ဘာသာေရးတစ္ခုလည္း ျဖစ္သည္ ဟုဆိုသည္။ အေမရိကန္ႏိုင္ငံတြင္ အစၥလမ္ ဘာသာ၀င္ (5 to 7 million) ခန္႔ရွိမည္ဟုဆိုသည္။
သမိုင္းအက်ဥ္း
မိုဟာမက္ ( AD 570 – 632) သည္ ဤဘာသာကို အဓိကဦးေဆာင္ တည္ေထာင္ခဲ့သူ ျဖစ္သည္။ ယေန႔ ေဆာ္ဒီအာေရးဗီးယား ႏိုင္ငံရွိ မကၠာၿမိဳ႕ (Mecca) တြင္ေမြးဖြါးၿပီး ဗက္ဒို၀င္ (Bedouin tribe) အမ်ဳိးအႏြယ္မွျဖစ္သည္။ ဖခင္ဆံုးပါးၿပီးေနာက္ပိုင္း အဖိုးျဖစ္သူ၏ ၾကည့္ရႈ ေစာင့္ေရွာက္ လမ္းညြန္မႈျဖင့္ႀကီးျပင္းလာခဲ့သည္။ သူသည္ သိုးထိန္း တစ္ေယာက္ျဖစ္ၿပီး ေအာင္ျမင္ေသာကုန္သည္ တစ္ေယာက္လည္းျဖစ္သည္။ မူဆလင္ဘာသာ၀င္မ်ားက သူ႔ကို သန္႔ရွင္းသူ ေကာင္းကင္ဘံုမွတိုက္ရိုက္ဆင္းလာသူ (သို႔) ေကာင္းကင္သား (သို႔) ကယ္တင္ရွင္အျဖစ္မခံယူ၊ မယံုၾကည္ပါ။ သူ႔ကို ဘုရားသခင္ထံမွ ေနာက္ဆံုးအေနျဖင့္ေရာက္လာေသာ တမန္ေတာ္၊ ပေရာဖက္အျဖစ္လက္ခံ ယံုၾကည္သည္။
မကၠာၿမိဳ႕မွ ဗလီတစ္ခု

အစၥလမ္(Islam) ဟူေသာ စကားလံုးသည္ အေရဗစ္ (Arabic) ဘာသာျဖစ္ၿပီး “ဆက္ကပ္အပ္ႏွံျခင္း” သို႔မဟုတ္ “မိမိ၏အလိုဆႏၵအလံုးစံုကိုစြန္႔၍ ဘုရားရွင္အားအပ္ႏွံျခင္း” ဟူ၍ အဓိပၸါယ္ရသည္။ မူဆလင္ (Muslim) သည္ အစၥလမ္ဘာသာကို ကိုင္းရိႈင္း လိုက္နာသူ ဟုအဓိပၸါယ္ရသည္။

အစၥလမ္ဘာသာ၀င္တို႔၏ ယံုၾကည္ခ်က္အရ မိုဟာမက္သည္ သူ၏အသက္ (၄၀) ႏွစ္ပါတ္၀န္းက်င္ခန္႔ရွိေသာအခါ အလာရွင္ျမတ္ (ဘုရားသခင္) ထံမွ ဗ်ာဒိတ္ ျမင္သည္ဟုဆိုသည္။ ေကာင္းကင္တမန္ Gabriel ထံမွ ဗ်ာဒိတ္ အတြဲမ်ားစြာကို ျမင္မက္ ခံယူရရွိၿပီးေနာက္ပိုင္း AD 622 တြင္ အစၥလမ္ဘာသာကိုတည္ေထာင္သည္။ မူဆလင္ဘာသာ၀င္မ်ားက သူသည္ ဘာသာတရားသစ္ကို တည္ေထာင္သည္ဟု မခံယူပါ၊ အာျဗဟံ၊ ေမာေရွ၊ ဒါ၀ိဒ္ ႏွင့္ သခင္ေယရႈ တို႔အားေဖာ္ျပခဲ့ေသာ ဘုရားသခင္၏ ႏႈတ္ကပါတ္ေတာ္အလံုးစံုတို႔ကို ျပန္လည္ မြမ္းမံသူ၊ သန္႔စင္သူ ျဖစ္ၿပီး၊ မကၠာၿမိဳ႕ႏွင့္ အနီးအနားပါတ္၀န္းက်င္ရွိ လူသားမ်ားကို စုစည္းဦးေဆာင္သူ ဘာသာေရးေခါင္းေဆာင္၊ တမန္ေတာ္တစ္ပါးျဖစ္သည္ဟု ဆိုပါသည္။ သူ၏ ဘုရားတစ္ပါးသာရွိသည္ဟူေသာယံုၾကည္ျခင္း၊ စည္းကမ္းတင္းၾကပ္လြန္းေသာ ဘာသာေရးလိုက္နာမႈမ်ား၊ အျခားသူမ်ားအား အားမနာတမ္းဘာသာေရးေ၀ဖန္မႈမ်ား ႏွင့္ ျငင္းပန္းႏွိပ္စက္အျပစ္ေပးတတ္ေသာ ဘာသာေရးလိုက္နာမႈမ်ား က အာေရျဗကၽြန္းဆြယ္တြင္ထိုစဥ္အခါ၏ က်င့္သံုးေသာ ဘုရားမ်ားစြာကိုကိုးကြယ္သည္ဘာသာေရးႏွင့္ လူမႈစနစ္တို႔ကို ၿခိမ္းေျခာက္စျပဳလာသည္။ ေနာက္ပိုင္းတြင္ မိုဟာမက္၏ ဦးေဆာင္မႈျဖင့္ ထိုဘာသာေရးအဖြဲ႕သည္ မကၠာၿမိဳ႕၏ေျမာက္ဖက္ မိုင္ ၂၈၀ ကြာေ၀းေသာ မဒီနာ (Medina) အရပ္သို႔ ေျပာင္းေရႊ႕သြားၾကသည္။ ေနာက္ ရွစ္ႏွစ္ၾကာေသာ အခါ မကၠာၿမိဳ႕သို႔ ျပန္လည္ေရာက္ရွိလာၾကၿပီး ထိုေနာက္ပိုင္းတြင္ အစၥလမ္ဘာသာထဲသို႔ လူအေျမာက္အမ်ား၀င္ေရာက္ လက္ခံယံုၾကည္လာၾကသည္။

မိုဟာမက္ကြယ္လြန္သည့္ AD 632 ေနာက္ပိုင္းတြင္ အစၥလမ္ဘာသာ သည္ ဆြန္နီ (Sunnis) ႏွင့္ ရွီးယား (Shi’as) ဟူ၍ ႏွစ္ျခမ္းကြဲသြားသည္။ ရွီးယား အဖြဲ႕သည္ ခြဲထြက္သည့္ အဖြဲ႔ျဖစ္ၿပီး ပိုမိုတင္းၾကပ္သည့္ ဘာသာေရးယံုၾကည္ မႈကိုက်င့္သံုးရံုမက ႏိုင္ငံေတာ္ အုပ္ခ်ဳပ္ေရးတြင္ဘာသာေရးအႀကီးအကဲမ်ားမွ ခ်ဳပ္ကိုင္သည့္ စနစ္ကို သြပ္သြင္းက်င့္သံုးသည့္ အဖြဲ႕ျဖစ္သည္။ ယခုေခတ္တြင္ ၈၅% ခန္႔ေသာ အစၥလမ္ဘာသာ၀င္မ်ားသည္ဆြန္နီ အဖြဲ႕မွျဖစ္ၿပီး ဘာသာေရးႏွင့္ ႏိုင္ငံေရး ကိုခြဲျခားက်င့္သံုးသည့္ စနစ္ကိုလက္ခံသည့္အဖြဲ႔ျဖစ္သည္။ Sufiism ဟုေခၚေသာ အလြန္ေသးငယ္သည့္ အျခားအဖြဲ႔ငယ္တစ္ခုရွိေသးသည္။

အစၥလမ္ဘာသာ၀င္မ်ားက ဤဘာသာတရားသည္ ဘုရားသခင္ထံမွ စစ္မွန္ေသာ၊ ေနာက္ဆံုးေသာ တစ္ခုတည္းေသာဘာသာတရားျဖစ္သည္ ဟုယံုၾကည္လက္ခံသည္။ အျခားေသာ ဘာသာတရားမ်ားအားလံုးသည္ ဘုရားသခင္၏ သမၼာတရားကို မမွန္မကန္လက္ခံသူမ်ား အျဖစ္ခံယူသည္။ ဘုရားတစ္ပါးတည္းရွိျခင္း၊ ေကာင္းကင္တမန္မ်ားရွိသည္ဟု ယံုၾကည္ျခင္း၊ နိဗၺန္ႏွင့္ ငရဲ ရွိသည္ ဟုယံုၾကည္ျခင္း၊ ပေရာဖက္မ်ားကို ေလးစားလက္ခံျခင္း၊ အခ်ဳိ႕ေသာေရွးက်မ္းစာမ်ားကို တန္ဖိုးထားလက္ခံျခင္း တို႔တြင္ ဂ်ဴးဘာသာ (Judaism) တို႔ႏွင့္ တူညီၿပီး၊ ခရစ္ေတာ္သည္ အပ်ဳိကညာမွဖြါးျမင္ျခင္း၊ ေနာင္တြင္ေရာက္လာမည့္ ဘုရားသခင္၏တရား စီရင္ျခင္း၊ နိဗၺန္ႏွင့္ ငရဲ ရွိသည္ဟုယံုၾကည္ျခင္းမ်ားတြင္ ခရစ္ယာန္တို႔ႏွင့္ တူညီေသာ ယံုၾကည္ခ်က္ရွိသည္။

အေျခခံယံုၾကည္ခ်က္မ်ား
1. အလာဟုေခၚေသာ ဘုရားသခင္ကိုယံုၾကည္သည္။
2. ေကာင္းကင္တမန္မ်ားရွိသည္ဟုယံုၾကည္သည္။
3. အလာရွင္၏ႏႈတ္ကပါတ္ေတာ္ ကိုရန္က်မ္းစာအုပ္၊ ဆြန္န (Sunnah) ဟုေခၚေသာ ‘ပေရာဖက္တို႔၏က်င့္ထံုး’ က်မ္းစာအုပ္ ႏွင့္ ဟာဒစ္ (Hadith) ဟုေခၚေသာ မိုဟာမက္ က အလာရွင္ ေပးသည့္အတိုင္းေရးသားသည့္ က်မ္းစာအုပ္တို႔ကို လက္ခံယံုၾကည္က်င့္သံုးသည္။ ထို႔အျပင္ တိုးရ (Torah) ဟုေခၚေသာ အာၿဗဟံေရးသည့္ က်မ္းစာအုပ္၊ ဒါ၀ိဒ္ေရးသားေသာ ဆာလံက်မ္းမ်ား ႏွင့္ The Gospel of Jesus တို႔ကိုလည္း ယံုၾကည္ လက္ခံက်င့္သံုးသည္။ သို႔ေသာ္ ယခုေခတ္တြင္ ခရစ္ယာန္တို႔အသံုးျပဳေသာ သမၼာက်မ္းစာအုပ္သည္ အမွားမ်ားစြာႏွင့္ ျပည့္ႏွက္သည္ဟု ယံုၾကည္သည္။
4. ဂ်ဴးႏွင့္ ခရစ္ယာန္ဘာသာ၀င္တို႔၏ အထင္ကရ ပေရာဖက္ႀကီးမ်ားျဖစ္ေသာ အာျဗဟံ၊ ေမာေရွ၊ ဒါ၀ိဒ္၊ ေဆာလမုန္၊ ေယာဘ ႏွင့္ သခင္ေယရႈတို႔အားသူေတာ္စင္ ပေရာဖက္ ႀကီးမ်ားအျဖစ္လက္ခံယံုၾကည္သည္။
5. ေနာက္ဆံုးေသာေန႔ရက္တြင္ အလာရွင္ျမတ္၏ တရားစီရင္ျခင္းေန႔ရက္ရွိမည္ဟုယံုၾကည္သည္။
6. Qadr ဟုေခၚေသာအလာရွင္ျမတ္၏ အၾကြင္းမဲ့ တန္ခိုးအာဏာရွိျခင္းကို ယံုၾကည္သည္။
7. ေသျခင္း၏ အျခားတစ္ဖက္တြင္ နိဗၺန္ သို႔မဟုတ္ ငရဲ တြင္ ျပန္ရွင္ျခင္းရွိသည္ ဟုယံုၾကည္သည္။

အေျခခံက်င့္စဥ္ (၅) ခု
အစၥလမ္ဘာသာ၀င္တိုင္း၏ အေျခခံအက်ဆုံးေသာက်င့္စဥ္ ၅ ခုရွိသည္။
1. ဘုရားသခင္ ႏွင့္ မုိဟာမက္ ကိုေပါင္း၍ တစ္ပါးတည္းေသာ အလာရွင္ျမတ္အရွင္အျဖစ္ယံုၾကည္က်င့္သံုးသည္။ ဤ ျဖစ္ျခင္း ကို Shahadah ဟုေခၚသည္။
2. တစ္ရက္ (ေနထြက္ခါနီးအခ်ိန္မွ မြန္းလြဲပိုင္းအထိ) အတြင္း (၅) ႀကိမ္ ဆုေတာင္းျခင္း။
3. ဆင္းရဲသားမ်ားကို ေပးကမ္းျခင္း
4. ရာမာဒန္ (Ramadan) ဟုေခၚေသာ မူဆလင္ျပကၡဒိန္၏ ၉ လေျမာက္ေသာ လတြင္ (Sawm) ဟုေခၚေသာ မနက္ေနထြက္ခ်ိန္မွ ေန၀င္သည့္အခ်ိန္အတြင္း အစာေရွာင္ ဆုေတာင္းျခင္း။ ကေလးသူငယ္မ်ား၊ မက်န္းမမာျဖစ္ေနသူမ်ား၊ သက္ႀကီးရြယ္အိုမ်ား ႏွင့္ ဦးေဏွာက္ပိုင္းဆိုင္ရာ ခ်ဳိ႕တဲ့သူမ်ားျခြင္းခ်က္အျဖစ္ထားသည္။
5. မကၠာၿမိဳ႕သို႔ဘုရားဖူးသြားျခင္း၊ ဟာဂ်ီ (Hajj) ဟုေခၚသည္။ က်န္းမာသန္စြမ္းၿပီး ေငြေရးေၾကးေရးအရတတ္ႏိုင္သူ အစၥလမ္ဘာသာ ၀င္တိုင္း အနည္းဆံုးတစ္သက္တြင္ တစ္ႀကိမ္ မကၠာၿမိဳ႕ သို႔ မိုဟာမက္ကို အရိုအေသေပးရန္ႏွင့္ မိမိကိုယ္ကို အလာရွင္ျမတ္ထံ ျပန္လည္ဆက္ကပ္ႏွံသည့္အေနျဖင့္ ဘုရားဖူးသြားျခင္း။

အစၥလမ္ဘာသာႏွင့္ ပါတ္သက္ေသာသိသင့္သည့္အခ်က္အခ်ဳိ႕
ယေန႔ အစၥလမ္ဘာသာ၀င္မ်ားၾကားတြင္ အႀကီးအက်ယ္ အျငင္းပြားဖြယ္ရာ ျဖစ္ေနေသာ အရာတစ္ခုမွာ ဂ်ီဟဒ္ jihad (struggle)၏အဓိပၸါယ္ျပန္ဆိုပံုျဖစ္သည္။ ၿငိမ္းခ်မ္းေရး၀ါဒီအစၥလမ္ဘာသာ၀င္မ်ားက ဂ်ီဟဒ္ ဆိုသည္မွာ အလာရွင္ျမတ္၏ တရားေတာ္ကို လိုက္နာရန္ အတားအဆီးမ်ား ကိုစိတ္ဓါတ္ေရးရာအရ တိုက္ခိုက္ျခင္းဟုျပန္ဆိုသည္။ ထိုသူတို႔သည္ ကိုရန္က်မ္း ၆ း ၁၅၁ တြင္ “အလာရွင္ျမတ္ ဖန္ဆင္းထားေသာ လူသားတို႔၏ အသက္ကို တရားဥပေဒနည္းလမ္း ျဖင့္လြဲ၍ ႏႈတ္ယူျခင္း (သတ္ျခင္း) မျပဳရ” ဆိုသည့္ က်မ္းခ်က္ကို စြဲကိုင္ၾကသည္။ သို႔ေသာ္ အစြန္းေရာက္ အစၥလမ္ဘာသာ၀င္မ်ားက ဂ်ီဟဒ္ ဆိုသည္မွာ အလာရွင္ျမတ္ထံ မိမိကိုယ္ကို အပ္ႏွံျခင္းမျပဳလုပ္သူတို႔ႏွင့္ ပဋိပကၡျဖစ္ ပြါးျခင္းဟု ျပန္ဆိုၾကသည္။ ကိုရန္ က်မ္းစာတြင္ “မယံုၾကည္သူတို႔ကို ေတြ႕ရာအရပ္တြင္ တိုက္ခိုက္ၾကေလာ့ Fight the unbelievers wherever you find them” ဟူေသာ က်မ္းပိုဒ္ကို က်င့္သံုးျခင္းျဖစ္သည္ဟုဆိုသည္။

အစၥလမ္ဘာသာ၀င္အျဖစ္ကူးေျပာင္းရန္အတြက္ Shaha dah ဟုေခၚေသာ သက္ေသခံျခင္းကေလး ျပဳလုပ္ရံုျဖင့္ ကူးေျပာင္းႏိုင္သည္။ ထိုသက္ေသခံခ်က္မွာ “အလာရွင္ျမတ္မွတစ္ပါး အျခားေသာဘုရားမရွိပါ၊ မိုဟာမက္သည္ အလာရွင္ ၏ ပေရာဖက္ျဖစ္သည္” ဟူ၍ျဖစ္သည္။ ဤသက္ေသခံခ်က္ျပဳလုပ္ျခင္းျဖင့္ အတိတ္တြင္ က်ဴးလြန္ခဲ့သမွ်ေသာ အျပစ္မ်ား ေခ်ဖ်က္သြားသည္ဟု ယံုၾကည္သည္။ အစၥလမ္ဘာသာ၀င္ တို႔အတြက္ “ျပန္လည္ေမြးဖြါးျခင္း Born again” ျဖစ္သည္။ ကိုရမ္က်မ္း ၂ း ၂၅၄ တြင္ လူတစ္ေယာက္အား အစၥလမ္ ဘာသာသို႔ အတင္းအဓမၼ ကူးေျပာင္းေစျခင္းကို တားျမစ္ထားသည္။

၀တ္ျပဳကိုးကြယ္ျခင္း
ေန႔စဥ္ ၀တ္ျပဳကိုးကြယ္ျခင္းအမႈျပဳလုပ္ေသာအခါ ရွိသည့္အရပ္မွ မကၠာၿမိဳ႕ ရွိရာ အရပ္ဖက္သို႔ ဦးညြတ္ျပပ္၀ပ္ကိုးကြယ္ၾကသည္။ ေသာၾကာ ညတုိင္းတြင္ ဗလီ (Mosques) သို႔ သြားေရာက္ၿပီး ကိုးကြယ္ျခင္းျပဳသည္။ Mosques ၏အဓိပၸါယ္မွာ ျပပ္၀ပ္ကိုးကြယ္ရာ ေနရာဟူ၍ျဖစ္သည္။ Mosques ဟူေသာစကားလံုးသည္ စပိန္ဘုရင္ ဖာဒီနန္ ႏွင့္ မိဖုရား အစၥဘဲလား တို႔က အစၥလမ္ တို႔၏ ၀ပ္ျပဳကိုးကြယ္တဲ့ေနရာေတြကို ျခင္ေကာင္ (Mosquitoes) ေလးတစ္ေကာင္ကို ဖိသတ္သလို ညက္ညက္ေက်ေအာင္ ဖ်က္ဆီးပစ္မယ္ ဟု ႀကံဳး၀ါးခဲ့ ရာမွ ျဖစ္ေပၚလာသည္ဟု ဆိုရိုးရွိခဲ့ဘူးသည္။

အေရးပါေသာေန႔ရက္မ်ား
အစၥလမ္ဘာသာေရးတြင္ အေရးပါေသာအခ်ိန္ သံုးႀကိမ္ရွိသည္။
1. Ramadan - အစာေရွာင္ဆုေတာင္းသည့္လ
2. Al-Hajj - ဘုရားဖူးသည့္လ။ အလာရွင္ျမတ္က ဣဇာက္ ၏၀မ္းကြဲ အကို ဣရွေမလအားဘုရားသခင္က ကယ္တင္ျခင္းကို အစြဲျပဳ၍ ျပဳလုပ္သည္။ ဤအခ်ိန္တြင္ မရွိဆင္းရဲသားမ်ားကို ကူညီေပးကမ္းၾကသည္။
3. Mawlid an-Nabvi - ပေရာဖက္ မိုဟာမက္၏ေမြးေန႔။

ခရစ္ယာန္ဘာသာႏွင့္ အဓိကကြာျခားခ်က္မ်ား
1. သမၼာက်မ္းစာအစား ကိုရန္ က်မ္းစာအုပ္ကို အသံုးျပဳသည္။ လံုး၀ဥႆံုအမွားမရွိေသာ အလာရွင္ျမတ္ထံမွလာသည့္ က်မ္းစာအုပ္ ျဖစ္သည္ဟုယံုၾကည္သည္။ မိုဟာမက္ ၏က်င့္စဥ္မ်ားကိုေရးသားေသာ Hadith က်မ္းကိုလည္း လက္ခံသည္
2. အလာရွင္ျမတ္သည္ တစ္ပါးတည္းေသာဘုရားသခင္ (သံုးပါးတစ္ဆူမဟုတ္) ျဖစ္ၿပီး အရာအားလံုးကိုသိကၽြမ္းၿပီး၊ သနားျခင္း ဂရုဏာႏွင့္ျပည့္၀သည့္ တန္ခိုးႀကီးေသာသူျဖစ္သည္။
3. သခင္ေယရႈသည္ ထူးဆန္းေသာနိမိတ္လကၡဏာမ်ားကို ျပဳလုပ္ခဲ့ၿပီး အပ်ဳိကညာ မာရိ မွေမြးဖြါးသည္။ ဘုရားသခင္ထံမွလာေသာ ဘုရားသားမဟုတ္၊ ကားတိုင္ေပၚတြင္ အမွန္တကယ္သတ္ျဖတ္ျခင္း မခံခဲ့ရပါ၊ အႏိၱခရစ္ (Anti Christ) ကိုအႏိုင္ယူ တိုက္ခိုက္ရန္ ျပန္လာမည္ ဟုယံုၾကည္သည္။
4. လူသားတိုင္းတြင္ ၀ိညာဥ္ရွိသည္။ ေမြးရာပါအျပစ္ဟူ၍မရွိပါ။ လူသားတိုင္းအျပစ္မဲ့သူအျဖစ္ေမြးဖြါးေသာ္လည္း ကၽြႏ္ုပ္တို႔၏ကိုယ္ခႏၶာဖြဲ႕စည္းမႈႏွင့္ တိရိစၧာန္ကဲ့သို႔ေသာစိတ္၏လိုအင္ဆႏၵမ်ားေၾကာင့္ အျပစ္ရွိသူမ်ားျဖစ္ သြားၾကသည္။
5. လူသားတိုင္း အလာရွင္ျမတ္ထံ အၾကြင္းမဲ့ဆက္ကပ္အပ္ႏွံၿပီး ဘ၀တစ္ခုလံုးတြင္ သူ႔အားအလုပ္အေၾကြးျပဳရမည္။
6. ကယ္တင္ျခင္းသည္ အလာရွင္ျမတ္ကိုယံုၾကည္ျခင္းႏွင့္ အစၥလမ္တရားေတာ္မ်ားကို လိုက္နာႏိုင္မႈအေပၚမူတည္သည္။ အျပစ္မ်ားကိုေဆးေၾကာရန္ အဆင့္ေလးဆင့္ပါေသာ “tawba” ကိုျပဳလုပ္ရမည္။
7. နိဗၺန္သို႔မဟုတ္ေကာင္းကင္ဘံု သည္ထာ၀ရေနခ်င္စဖြယ္ ေကာင္းေသာအရပ္ျဖစ္ၿပီး အစၥလမ္ဘာသာကိုင္းရိႈင္းသူတို႔ အတြက္ျဖစ္ၿပီး ငရဲဘံု သည္စက္ဆုတ္ရြံရွာဖြယ္ေကာင္းၿပီး ေၾကာက္မက္ဖြယ္ရာေကာင္းေသာေနရာျဖစ္ၿပီး အျပစ္သားမ်ား သြားရမည့္ေနရာျဖစ္သည္။

ေသာင္းႏိုး

မွတ္ခ်က္။ ။ Len Woods ေရးသားေသာ Handbook of World Religions (A bible-based review of 50 World faiths) စာအုပ္မွ ကိုးကားတင္ျပထားပါသည္။

Calvary Burmese ဘေလာ့မွကူးယူေဖၚျပသည္။

0 comments:

Post a Comment

Back to Top Related Posts Plugin for WordPress, Blogger...